စက်တင်ဘာ ၂၅ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (ULA/AA) ၏ ဗိုလ်မှူးကြီး လင်းသစ်မှ လုပ်ကြံ သတ်ဖြတ်မည့် အစီအစဉ် သဘောသက်ရောက်သည့် “ဇွဇွ” ကမ်ပိန်းအား ပြည်သူပါဝင်ရန် တိုက်တွန်း ရေးသားထားသည့် စာသားပါ အကြောင်းအရာကို Facebook လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

Read More

၂၀၂၃ ရွေးကောက်ပွဲဝင်ရန် ANP နှင့် AFP ပူးပေါင်းရန် ညှိနှိုင်းလျက်ရှိကြောင်း သတင်းရရှိသည်။ အသစ်ဖွဲ့စည်းမည့် ပါတီတွင် ရက္ခိုင့်တပ်တော် (ULA/AA) မှ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက္ခမဖြစ်သူ ဦးစံကျော်လှက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဒေါက်တာအေးမောင်က ဒုဥက္ကဋ္ဌ တာဝန်ယူမည်ဟု သတင်းရရှိသည်။

Read More

စစ်ကောင်စီမှ ဦးတင်မျိုးဇော်အား ရက္ခိုင့်တပ်တော် (ULA/AA) အား ထောက်ပံ့ကူညီသည် စွပ်စွဲချက်ဖြင့် မြို့နယ်ပညာရေးမှူးရုံးတွင် လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ မိသားစုနှင့်တွေ့ဆုံခွင့် မရသေးကြောင်း စုံစမ်းသိရှိရသည်။

Read More

၂၀၂၂ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) အလယ်ပိုင်းတိုင်း၌ သင်တန်းဆင်းပွဲ တခုပြုလုပ်ခဲ့ကြောင်းကို သတင်းဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။ ထိုသို့ထုတ်ပြန်ချက်နှင့် မရှေးမနှောင်းပင် ALP/ALA သင်တန်းသားများ ဝင်ဆင်ထားသော ယူနီဖောင်းကို အကြောင်းပြု၍ ALP/ALA အား နယ်ခြားစောင့်တပ် (BGF) အဖြစ် ပြောင်းလဲရန် မြန်မာ့တပ်မတော်မှ သင်တန်းပေးထားခြင်းဖြစ်ကြောင်း ULA/AA လော်ဘီများနှင့် သတင်းဌာများမှ ရေးသားဝါဒဖြန့်ခဲ့ကြသည်။

Read More

တောင်ကုတ်မြို့နယ်တွင် ကုလားရောင်နှင့် ခေါင်းလောင်းဒူကြားတွင် မြန်မာရုပ်သံနှင့်အပြိုင် ULA/AA မှ ရုပ်သံထုတ်လွှင့်ရေး စခန်းဆောက်လုပ်ရန် စီမံကိန်းတခု အကောင်အထည်ဖော်လျှက်ရှိပြီး ထိုစီမံကိန်းတွင် Western News မှဝဏ္ဏခွါညို၊ Development Media Group မှ ဦးအောင်မင်းဦးနှင့် နရဉ္ဇရာသတင်းဌာနမှ ဦးခိုင်မြတ်ကျော်တို့အပါအဝင် ရခိုင်ပြည်နယ်မှ နာမည်ကြီး သတင်းသမား တချို့လည်း ပါဝင်ကြသလို ထိုစီမံကိန်း၏ ဒါရိုက်တာမှာ ဦးအောင်မင်းဦးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Read More

မြောက်ဦးမြို့နယ်မှ အလွတ်တမ်းသတင်းထောက် နာမည်ခံထားသူ ဖိုးသီဟ (ခ) ကိုမြတ်သူထွန်းအား စက်တင်ဘာလ ၂၀ ရက်နေ့တွင် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးသွားကြောင်းသိရသည်။ ဖိုးသီဟသည် ယခင်က စစ်တက္ကသိုလ် DSA မှ ထုတ်ပယ်ခံထားရသူဖြစ်ပြီး DVB သတင်းထောက်အဖြစ်မှလည်း မူးယစ်ဆေးဝါးကိစ္စကြောင့် အလုပ်ထုတ်ခံထားရသူဖြစ်သည်။ အလွတ်တမ်းသတင်းထောက်ဟုဆိုသော်လည်း နီးစပ်သူများက စစ်တပ်သတင်းပေး တယောက်သာ ဖြစ်သည်ဟု AARN သို့ အတည်ပြုပြောကြားသည်။

Read More

လွန်ခဲ့သောရက်များက ယခင် ANP အမတ်ဟောင်း ယခု ULA/AA နိုင်ငံရေးမှူး ဦးဖေသန်းအား စစ်ကောင်စီမှ ဖမ်းဆီးမည်ဆိုသော ကြေညာချက်တခုထွက်လာသည်နှင့် မရှေးမနှောင်းပင် တောင်ကုတ်မြို့မှ သူဌေးကြီး ဦးကျောက်တောင်အား ULA/AA မှ ဖမ်းလိုက်ပြီဆိုသော သတင်းတပုဒ်လည်း လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သည်။

Read More

စစ်တွေမြို့ Luminous/Livguard ပလပ်စတစ်ပစ္စည်းဆိုင်တွင် အုပ်စုဖွဲ့ မုဒိန်းကျင့်၍ သတ်ဖြတ်ခံရသူ မနွယ်သန္တာဝင်း၏ အစ်ကိုဝမ်းကွဲနှင့် ထိုသူ၏ သားကို လွန်ခဲ့သည့်တပတ်ခန့်က ULA/AA မှ ဗိုလ်မှူးကြီးလင်းသစ်ကိုယ်တိုင် လင်ခရူဇာကားတစီးဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း အမှန်တရား လိုလားသည့် ပြည်သူတဦးက အချက်အလက် ခိုင်လုံစွာဖြင့် AARN သို့ သတင်းပေးပို့သည်။

Read More

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ၏ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်နှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခ၏ မီဒီယာတွင် ထုတ်ဖော်မပြောခင် ရက်ပိုင်းအကြိုတွင် ULA/AA နှင့် နီးစပ်သည့် လူမှုကွန်ရက်ပေါ်မှ Facebook အသုံးပြုသူတချို့က လူသတ်တရားခံမှာ မန်နေဂျာဖြစ်ကြောင်း ဗြောင်ကျကျ ရေးသားလာကြသည်။ အဆိုပါ Facebook အသုံးပြုသူများအား ပေါက်ကြားသတင်း ရေးသားခွင့်ပြုသည့် ရက္ခိုင့်အာဏာပိုင် တရားစီရင်ရေးအား ပြည်သူလူထုမှ မေးသော မေးခွန်းများမှာ အမှန်တရား လိုလားသော ပြည်သူများက ဆင်ခြင်တုံတရားဖြင့် စဉ်းစားသည်မဖြစ်ဘဲ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ၏ တရားစီရင်ရေးအား စော်ကားခြင်းဖြစ်သည်ဟု ဆဲဆိုခံနေရသည်မှာ အလွန်ဝမ်းနည်းစရာ ကောင်းသည်။

Read More

AARN ၏ အတည်ပြုနိုင်သော သတင်းရင်းမြစ်တချို့အရ ၂၀၁၉ ခုနှစ်တွင် မြန်မာ့စစ်တပ်နှင့် ရက္ခိုင့်တပ်မတော် (ULA/AA) တို့ တိုက်ပွဲပြင်းထန်နေစဉ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တို့တွင် နှစ်ဖက်သတင်းပေးသူများအကြား တဖက်နှင့်တဖက် လုပ်ကြံ သတ်ဖြတ်မှုများ ရှိခဲ့ကြောင်းသိရသည်။

Read More